Saturday, August 27, 2016

ကျပ်သိန်း ၁၅၀၀ ဆုကြီးပေါက်သူ၏ မူလဇာတာအားလေ့လာခြင်း



·        ကျပ်သိန်း ၁၅၀၀ ဆုကြီးပေါက်သူ၏ မူလဇာတာအားလေ့လာခြင်း

·        ဝေဒနည်းပညာဖြင့် မူလဇာတာအား လေ့လာခြင်း
·        (က) ထီပေါက်ကိန်းအား လေ့လာခြင်း
·        ၁။ မူလဇာတာအရ ထီပေါက်ကိန်းအား လေ့လာခြင်း
·        (ခ) ဒသာအား လေ့လာခြင်း
·        ၂။ မူလဇာတာထီပေါက်သည့်ကာလ ဒသာအား လေ့လာခြင်း
·        (ဂ) ဝေဒနည်းပညာဖြင့် ကောဇာအားလေ့လာခြင်း
·        ၃။ ထီပေါက်သည့်အကြိမ် ကောဇာအား လေ့လာခြင်း
·         
·        (ဃ) ဓနယုဂ်အား လေ့လာခြင်း
·        ၄။ ထီ(သို့)ငွေအလွယ်တကူရလွယ်သည့် ဓနယုဂ်အားလေ့လာခြင်း
·        (င) ဂြိုဟ်အားတို့အား လေ့လာခြင်း
·        ၅။ မူလဇာတာ၏ ဂြိုဟ်အားတို့အားလေ့လာခြင်း
·        ဝေဒနည်းပညာဖြင့် မူလဇာတာနောက်ကွယ်ရှိ အကြောင်းတရားများကို လေ့လာခြင်း
·        (စ) ထီပေါက်သည့် အက္ခရာအားလေ့လာခြင်း
·        ၆။ အခြေခံအချက်အလက်များနှင့် ထီပေါက်သည့် အက္ခရာ ဆက်စပ်မူတို့အား
·        လေ့လာခြင်း
·        (စ) ထီပေါက်သည့် နေရာအလိုက် ဂဏန်းများအားလေ့လာခြင်း
·        ၇။ မူလဇာတာလဂ်၊ဂြိုဟ်၊နက္ခတ် စိုးမိုးဂဏန်းတို့နှင့်နေရာအလိုက်ဂဏန်းများ
·        ဆက်စပ်မူတို့အား လေ့လာခြင်း
·        ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၈ ရက်

Sunday, August 21, 2016

သုံးသပ်ခြင်း(၃)

သုံးသပ်ခြင်း(၃)

မဖြစ်သေးသည်ကို ကြိုတင် သိခြင်းသည် ဝေဒနည်းပညာဖြစ်သည်။

မြန်မာအောင်ဘာလေထီပေးသည့်စနစ်ကိုလေ့လာခြင်း

မြန်မာအောင်အာလေထီပေးသည့်စနစ်ကို လေ့လာရာတွင် ခေါ်ရလွယ်ကူစေရန် ထီစောင်ရေ
(၃၆၀)သိန်းရောင်းချရာ ပေးသည့်ဆုအရေအတွက်(၄၀၂၄၃)ဆုဖြစ်သဖြင့် မှတ်မိလွယ်စေရန် ထီ(၉၀၀)စောင်ကို(၁)ဆုနှုန်းပေးထားခြင်းဖြစ်ကြောင်း ဖြစ်နိင်ချေနည်းစနစ်ဖြင့် လေ့လာ
တွေ့ရှိရပါသည်။
ထီပေါက်သည့်စနစ်ကို လေ့လာခြင်း

အမှန်တကယ်လက်တွေ့ထီကံစမ်းသပ်ရတွင် ထီစောင်အရေအတွက်(၃၆၀၀)စောင်ကို
(၃)ဆု ထီပေါက်နိင်ကြောင်း လေ့လာတွေ့ရှိရပါသည်။ငွေကြေးတတ်နိင်သူများအတွက်
အဆင်ပြေသော်လည်း ငွေကြေးအနည်းငယ်သာ တတ်နိင်သူတွေအတွက် မလွယ်ကူပါ။
ထီပေါက်ကိန်း

ဝေဒနည်းပညာတွင် ကောဇာဓနဂြိုဟ် ကြာသပတေးရှိသည့် ကာလကို ယူဆခြင်းဖြစ်သဖြင့်
ကောဇာကြာသပတေးဂြိုဟ်သည် (၁)ရာသီတွင်(၁)နှစ်ဝန်းကျင် ရှိနေပါသည်။ထီအကြိမ်
အရေအတွက်ဖြင့် ယူဆလျှင်(၁၂)ကြိမ် ဖြစ်ပါသည်။
အချိန်ကို ကန့်သတ်အသုံးချခြင်း
ထီပေါက်ကိန်းရှိသည့် ကာလမှာ(၁၂)ကြိမ်ရှိသဖြင့် အချိန်ကို ကန့်သတ်အသုံးချခြင်း
ဖြစ်ပါသည်။ထီပေါက်ကိန်းရှိသည့်ကာလအတွင်း ထီပေါက်ဖို့ အချိန်ကို ကန့်သတ်အသုံးချ
ခြင်းဖြစ်ပါသည်။
ငွေကြေးကို ကန့်သတ်အသုံးချခြင်း
ထီစောင် အရေအတွက်(၃၆၀၀)စောင် ထီကံစမ်းသပ်လျှင် ထီဆု(၃)ဆုပေါက်သော်လည်း
ငွေကြေးမတတ်နိင်သူများအနေဖြင့်(၁၀)ကြိမ်ခွဲပြီး၊ထီ(၃၆၀)စောင် ထီကံစမ်းသပ်ခြင်းဖြစ်
ပါသည်။
ဝေဒနည်းပညာဖြင့် ပိုင်းခြား သိရှိခြင်း
ဒုတိယနေရာဂဏန်း(၀)မှ(၉)ထိ၊ဂဏန်း(၁၀)လုံး ရှိသည့်အနက် မူလဇာတာတွင်သတ်မှတ်
ပုံဖေါ်ပေးလိုက်သည့်အတိုင်း မူလဇာတာနောက်ကွယ်ရှိ ထီပေါက်မည့် ဒုတိယနေရာဂဏန်း
(၁)လုံးဖြင့် ထီကံစမ်းသပ်ခြင်းဖြစ်ပါသည်။
နည်းစနစ်

ဒုတိယနေရာဂဏန်းတူလျှင် ထီပေါက်သည့် နည်းစနစ်ဖြစ်သော အထူးမင်္ဂလာစုံတွဲ ထိပ်စီးစုံ
(၉)တွဲကို မိမိထီပေါက်မည့် ဒုတိယနေရာ ဂဏန်း(၁)လုံးဖြင့် ထီကံစမ်းသပ်ခြင်း ဖြစ်ပါသည်။

ပထမ(၁)ကြိမ် ထီပေါက်ခြင်းမှာ တိုက်ဆိုင်မူကြောင့် ဖြစ်နိင်ပါသည်။

ဒုတိယ(၁)ကြိမ် ထီပေါက်ခြင်းမှာ နည်းစနစ်ကြောင့် ဖြစ်နိင်ပါသည်။
တတိယ(၁)ကြိမ် ထီပေါက်ခြင်းမှာ ဝေဒနည်းပညာကြောင့် ဖြစ်နိင်ပါသည်။
လေ့လာလိုသူ ဖေ့ဘုတ်မိတ်ဆွေများအတွက် အသိပေးရေးသားလိုက်ပါသည်။
သင်ဆရာ မြင်ဆရာသမားတို့၏ ဂုဏ်ကျေးဇူးကြောင့် လည်းကောင်း၊၁၉၉၅ ခုနှစ်မှ
ယနေ့ထိ၊ထီအကြံပြုပေးခြင်း အတွေ့အကြုံများအရ လည်းကောင်း၊ထီပေါက်ဖူးသူများ၏
မူလဇာတာများကို သုတေသနပြုလုပ်လေ့လာတွေ့ရှိချက်များအရ လည်းကောင်း
မူလဇာတာတွင် သတ်မှတ်ပုံဖေါ်ပေးလိုက်သည့်အတိုင်း မူလဇာတာနောက်ကွယ်ရှိ
ထီပေါက်မည့် ဒုတိယနေရာ ဂဏန်း(၁)လုံးကို ဝေဒနည်းပညာ ဥပဒေသများဖြင့်
ပိုင်းခြား သိရှိ ပြီး ဖြစ်ပါသည်။
ဥာဉ်နှင့်မလုပ်စမ်းပါနှင့်ဥာဏ်နှင့်လုပ်စမ်းပါ။ဝေဒနည်းပညာဖြင့် ပေါင်းစပ်ပြီး လက်တွေ့
ထီကံစမ်းသပ်ခြင်းသည် ဥာဏ်နှင့်ဆောင်ရွက်ခြင်းဖြစ်ပါသည်။
ဝီရိယကို(၂)ဆတိုးလိုက်စမ်းပါ။မိမိထီပေါက်မည့် ဒုတိယနေရာဂဏန်းဖြင့် ရရှိအောင်
(၁)လ ကြိုတင် စာရင်းပေး ထီမှာခြင်းသည် ၀ီရိယကို(၂)ဆတိုးဆောင်ရွက်ခြင်းဖြစ်
ပါသည်။
ထီပေါက်ကိန်းရှိသည့်ကာလအတွင်း အားလုံးထီပေါက်ပြီး။ထီပေါက်သူများနည်းတူ
ဝမ်းသာပီတိဖြစ်ကာ မှတ်တမ်းတင်လိုက်ပါသည်။
၂၀၁၆ ခုနှစ် သြဂုတ်လ ၂၁ ရက်.

Wednesday, August 17, 2016

(၁၂)နှစ်တွင် တစ်ခါကြုံသည့် အခွင့်အလန်းကို ၀ီရိယ(၂)ဆဖြင့် အရယူစို့

(၁၂)နှစ်တွင် တစ်ခါကြုံသည့် အခွင့်အလန်းကို ၀ီရိယ(၂)ဆဖြင့် အရယူစို့

ဗေဒင်ဝါသနာပါသူ(၁)ဦးနှင့်ဆွေးနွေးဖြစ်ပါသည်။အခြေခံအချက်အလက်များဖြစ်သော
မွေးရက်၊မွေးလ၊ခုနှစ်၊မွေးချိန်မွေးဖွားရာဇာတိတို့ကို ဝေဒနည်းပညာဖြင့်
မူလဇာတာဖွဲ့ရာတွင် သိဟ်ရာသီလဂ် ရရှိပါသည်။
ကောင်းကင်ကောဇာ ကြာသပတေးဂြိုဟ်သည် (၁)ရာသီတွင်(၁)နှစ်ဝန်းကျင် ရပ်တည်
နေပါသည်။
ကောင်းကင်ကောဇာ ဓနဂြိုဟ် ကြာသပတေးဂြိုဟ်သည် ကန်ရာသီတွင်(၁၈.၈.၂၀၁၆)မှ
(၁၈.၉.၂၀၁၇)ကာလအတွင်း ရှိနေမည်ဖြစ်ပါသည်။လဂ်၏(၂)တန့် ဓနဘာဝအိမ်သို့
ကောဇာကြာသပတေးဂြိုဟ် ရောက်ရှိလျှင် လည်းကောင်းရောက်ရှိနေသည့်ကာလအတွင်း
မူလဇာတာအရ ငွေအမြောက်အများဝင်ကိန်း(သို့)ထီပေါက်ကိန်းရှိနေပါသည်။
ကောဇာကြာသပတေးဂြိုဟ်သည်(၁)ရာသီတွင်(၁)နှစ်ဝန်းကျင်နေသဖြင့် (၁၂)နှစ်တွင်
(၁)ကြိမ်ကြုံသည့် အခွင့်အလန်းဖြစ်ပါသည်။
နောက်(၁၂)နှစ်တွင်လည်း (၁)ခါ ကြုံမည်ဖြစ်ပါသည်။
အကြောင်းညီညွတ်ပါက ထီပေါက်ကိန်းရှိသည့် ကာလအတွင် ထီကံစမ်းသပ်ဖို့ အကြံပြု
ပေးခြင်းဖြစ်ပါသည်။
ဝီရိယ(၂)ဆဖြင့်အခွင့်အလန်းကို အရယူဖို့ အကြံပြုအပ်ပါသည်။
မူလဇာတာအရ ကံအကျိုးပေးသော ထီဆုများပေါက်ပါစေ။
ဖေ့ဘုတ်မိတ်ဆွေ ဗေဒင်ဝါသနာပါသူများ လေ့လာလိုသူများအတွက်ရေးသားလိုက်ပါသည်။
ချိန်ခါမလွန်ခင် ဆွေးနွေးပါ။
၂၀၁၆ ခုနှစ် သြဂုတ်လ ၁၇ ရက်.

Saturday, August 13, 2016

ထီဆုကြီးပေါက်သူများ၏ မူလဇာတာများကို လေ့လာခြင်း(၂)



ထီဆုကြီးပေါက်သူများ၏ မူလဇာတာများကို လေ့လာခြင်း(၂)


မဖြစ်သေးသည်ကို ကြိုတင် သိခြင်းသည် ဝေဒနည်းပညာဖြစ်သည်။မည်သည့်
ဖြစ်ရပ် ကောင်းသည့်ဖြစ်ရပ်ဖြစ်စေ၊ဆိုးသည့်ဖြစ်ရပ် ဖြစ်စေ၊ထင်ရှားသောဖြစ်ရပ်
များအားလုံးသည် မူလဇာတာတွင် မပါရှိဘဲ မည်သည့် အကြောင်းနှင့်မျှဖြစ်လာ
စရာ အကြောင်းမရှိပါ။အဘယ်ကြောင့်ဆိုသော် ဇာတာရှင်၏ အတိတ်ဘ၀၊
ကုသိုလ်ကံ အကုသိုလ်ကံ အကြောင်းတရားများကြောင့် ကောင်းကင်ရှိ၊ဂြိုဟ်
နက္ခတ် ဖွဲ့စည်း တည်ဆောက်မူတို့က ဇာတာရှင်၏ မွေးဖွားချိန်တွင် လွမ်းမိုး
ထားပြီးနောက် မည်သည့် ဖြစ်ရပ်များ ဖြစ်လာနိင်စရာ ရှိသည်ကို မူလဇာတာတွင်
သတ်မှတ်ပုံဖေါ်ပေးလိုက်သော ကြောင့် ဖြစ်ပါသည်။

ထိုအတူ ထီပေါက်မည့် အက္ခရာ(သို့)နေရာအလိုက်ဂဏန်းများကို မူလဇာတာတွင်
သတ်မှတ်ပုံဖေါ်ပေးလိုက်ခြင်း ဖြစ်ပါသည်။

ထီဆုကြီးပေါက်သူများ၏ မူလဇာတာများကို သုတေသနပြုလုပ် လေ့လာတွေ့ရှိချက်
အရဝေဒနည်းပညာဥပဒေသများနှင့် တူညီတိုက်ဆိုင်သော အချက်များမှာ
၁။ မူလဇာတာအရ ယခုကာလ ထီပေါက်ကိန်း ရှိနေခြင်းသည်လည်း ထီပေါက်ဖို့
အကြောင်းတရား(၁)ခု ဖြစ်ပါသည်။

၂။ မူလဇာတာအရ ထီအက္ခရာ(သို့) နေရာအလိုက်ဂဏန်းများကို သတ်မှတ်
ပုံဖေါ်ပေးလိုက်ခြင်းသည်လည်း ထီပေါက်ဖို့ အကြောင်းတရား(၁)ခုဖြစ်ပါသည်။

၃။ မူလဇာတာအရ ထီနှင့်ငွေရလွယ်ကူသော ဓနယုဂ် ရရှိထားခြင်းသည်လည်း
ထီပေါက်ဖို့ အကြောင်းတရား(၁)ခု ဖြစ်ပါသည်။


၎။ မူလဇာတာအရ ဂြိုဟ်များ အားကောင်းခြင်းသည်လည်း ထီပေါက်ဖို့ အကြောင်း
တရား(၁)ခု ဖြစ်ပါသည်။
ဆက်ရန်
၂၀၁၆ ခုနှစ် သြဂုတ်လ ၁၄ ရက်.