ထီဆုကြီးပေါက်သူများ၏ မူလဇာတာများကို
လေ့လာခြင်း(၂)
မဖြစ်သေးသည်ကို ကြိုတင် သိခြင်းသည် ဝေဒနည်းပညာဖြစ်သည်။မည်သည့်
ဖြစ်ရပ် ကောင်းသည့်ဖြစ်ရပ်ဖြစ်စေ၊ဆိုးသည့်ဖြစ်ရပ်
ဖြစ်စေ၊ထင်ရှားသောဖြစ်ရပ်
များအားလုံးသည် မူလဇာတာတွင် မပါရှိဘဲ
မည်သည့် အကြောင်းနှင့်မျှဖြစ်လာ
စရာ အကြောင်းမရှိပါ။အဘယ်ကြောင့်ဆိုသော်
ဇာတာရှင်၏ အတိတ်ဘ၀၊
ကုသိုလ်ကံ အကုသိုလ်ကံ အကြောင်းတရားများကြောင့်
ကောင်းကင်ရှိ၊ဂြိုဟ်
နက္ခတ် ဖွဲ့စည်း တည်ဆောက်မူတို့က ဇာတာရှင်၏
မွေးဖွားချိန်တွင် လွမ်းမိုး
ထားပြီးနောက် မည်သည့် ဖြစ်ရပ်များ ဖြစ်လာနိင်စရာ
ရှိသည်ကို မူလဇာတာတွင်
သတ်မှတ်ပုံဖေါ်ပေးလိုက်သော ကြောင့် ဖြစ်ပါသည်။
ထိုအတူ ထီပေါက်မည့် အက္ခရာ(သို့)နေရာအလိုက်ဂဏန်းများကို
မူလဇာတာတွင်
သတ်မှတ်ပုံဖေါ်ပေးလိုက်ခြင်း ဖြစ်ပါသည်။
ထီဆုကြီးပေါက်သူများ၏ မူလဇာတာများကို
သုတေသနပြုလုပ် လေ့လာတွေ့ရှိချက်
အရဝေဒနည်းပညာဥပဒေသများနှင့် တူညီတိုက်ဆိုင်သော
အချက်များမှာ
၁။ မူလဇာတာအရ ယခုကာလ ထီပေါက်ကိန်း ရှိနေခြင်းသည်လည်း
ထီပေါက်ဖို့
အကြောင်းတရား(၁)ခု ဖြစ်ပါသည်။
၂။ မူလဇာတာအရ ထီအက္ခရာ(သို့) နေရာအလိုက်ဂဏန်းများကို
သတ်မှတ်
ပုံဖေါ်ပေးလိုက်ခြင်းသည်လည်း ထီပေါက်ဖို့
အကြောင်းတရား(၁)ခုဖြစ်ပါသည်။
၃။ မူလဇာတာအရ ထီနှင့်ငွေရလွယ်ကူသော ဓနယုဂ်
ရရှိထားခြင်းသည်လည်း
ထီပေါက်ဖို့ အကြောင်းတရား(၁)ခု ဖြစ်ပါသည်။
၎။ မူလဇာတာအရ ဂြိုဟ်များ အားကောင်းခြင်းသည်လည်း
ထီပေါက်ဖို့ အကြောင်း
တရား(၁)ခု ဖြစ်ပါသည်။
ဆက်ရန်
၂၀၁၆ ခုနှစ် သြဂုတ်လ ၁၄ ရက်.






No comments:
Post a Comment