Tuesday, October 25, 2016

သုတ(လေ့လာခြင်း-၁)



·         သုတ(လေ့လာခြင်း-၁)

·         ၁။ မူလဇာတာအားလေ့လာခြင်း
·         အခြေခံအချက်အလက်များအရ မူလဇာတာကို ရရှိပါသည်။
·         မူလဇာတာ မွေးဖွားသည့်အချိန်အရ ရာသီလဂ်အား ရရှိပါသည်။
·         ဇာတာရှင်သည် ဓနရာသီလဂ် ပိုင်ရှင် ဖြစ်ပါသည်။
·         ၂။ မူလဇာတာနှင့် နေရာအလိုက် ဂဏန်းများကို လေ့လာခြင်း
·         ဒုတိယနေရာဂဏန်း(၀)မှ(၉)ထိ၊ဂဏန်း(၁၀)လုံး ရှိသည့်အနက် မူလဇာတာတွင် သတ်မှတ်
ပုံဖေါ်ပေးလိုက်သည့်အတိုင်း မူလဇာတာနောက်ကွယ်ရှိ ထီပေါက်မည့် ဒုတိယနေရာ
ဂဏန်း(၁)လုံး၊(၂)ဂဏန်းကို ထီကံစမ်းသပ်ဖို့ အကြံပြုပေးခဲ့ပါသည်။
·         ၃။ ထီကံစမ်းသပ်သည့်နည်းစနစ်အကြံပြုပေးခြင်း
ဒုတိယနေရာဂဏန်းတူရုံဖြင့် ထီပေါက်သည့် နည်းစနစ်ဖြစ်သော အထူးမင်္ဂလာစုံတွဲ
ထိပ်စီးစုံ(၉)တွဲကိုမိမိထီပေါက်မည့် ဒုတိယနေရာဂဏန်း(၂) ဂဏန်းဖြင့် ထီကံစမ်းသပ်ဖို့
အကြံပြုပေးခဲ့ပါသည်။
·         ၄။ လိုက်နာကျင့်သုံးရာ ထီပေါက်ပြီ
ဝီရိယကို(၂)ဆတိုးကာ၊ဝေဒနည်းပညာဖြင့် ပေါင်းစပ်ပြီး လက်တွေ့ထီကံစမ်းသပ်ရာ
ထီပေါက်ကိန်းရှိသည့်ကာလအတွင်း အကျိုးပေးချိန်တန်သည့် အကြိမ်တွင် ကံအကျိုးပေးသော
ထီဆုများပေါက်ခြင်းဖြစ်ပါသည်။

·         ၅။ ထီဖွင့်ပွဲ ဇာတာအား လေ့လာခြင်း
(၃၁၉)ကြိမ်(၁.၈.၂၀၁၅)ရက်နေ့ နံနက်(၀၈း၃၀)နာရီတွင် ရန်ကုန်မြို့ အောင်ဘာလေ
ထီရုံးတွင်ကျင်းပခြင်းဖြစ်ပါသည်။
ထီဖွင့်ပွဲကို သိဟ်ရာသီလဂ်၊မကာရ ရာသီစန်းဖြင့် ကျင်းပခြင်းဖြစ်ပါသည်။

·         ၆။ ထီပေါက်သူ၏ ဒသာအားလေ့လာခြင်း
ဗုဒ္ဓဟူး၊ရာဟု၊စနေဒသာတွင် ထီပေါက်ခြင်း ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။

·         ၇။ ထီပေါက်သူ၏ ကံဂြိုဟ်၊တနင်္ဂနွေဂြိုဟ်အား လေ့လာခြင်း
ဇာတာရှင်သည် ကံဂြိုဟ်၊တနင်္ဂနွေဂြိုဟ်အား (၁၀၈)% ရှိကြောင်း လေ့လာတွေ့ရှိရပါသည်။
·         သုံးသပ်ချက်
·         ၁။ကောဇာလေ့လာခြင်း
·         ဓနုလဂ်၊မကာရတနင်္ဂနွေ ပိုင်ရှင်ဖြစ်သဖြင့် ကောဇာ တနင်္ဂနွေဂြိုဟ် ကရကဋ် ရာသီတွင် ရှိနေသည့်လဂ်၏(၈)တန့်တွင်ရောက်ရှိနေသည့် ကာလတွင် ထီပေါက်သဖြင့် ဝေဒနည်းပညာ ကောဇာဥပဒေသများအရ ထီပေါက်အားကောင်းသည့်အကြိမ်တွင် ထီပေါက်သူဖြစ်ကြောင်း ထီပေါက်သူဇာတာရှင်မှ သက်သေပြလျက်ရှိပါသည်။
·         ၂။ ဒသာ လေ့လာခြင်း
·         ဇာတာရှင်သည် ဗုဒ္ဓဟူး၊ရာဟု၊စနေ ဒသာတွင် ထီပေါက်ခြင်း ဖြစ်ကြောင်း
လေ့လာတွေ့ရှိရပါသည်။
·         ဇာတာရှင်သည် ဓနုရာသီလဂ် ပိုင်ရှင်ဖြစ်သဖြင့် စနေဒသာ လဂ်၏(၂)တန့်ရှိနေသည့်
ဒသာကာတွင်ထီပေါက်သဖြင့် ဝေဒနည်းပညာ ဒသာဥပဒေသများအရ ထီပေါက်အား
ကောင်းသည့် ဒသာတွင်ထီပေါက်သူဖြစ်ကြောင်း ထီပေါက်သူ ဇာတာရှင်မှ သက်သေပြလျှက်
ရှိပါသည်။
·         ၃။ ဂြိုဟ်အား များလေ့လာခြင်း
·         ဇာတာရှင်သည် ကံဂြိုဟ် တနင်္ဂနွေဂြိုဟ်အား (၁၀၈)% ရှိနေပါသည်။ထီ(၃၆၀)စောင်
ကံစမ်းသူဖြစ်သဖြင့် ထီကံစမ်းသပ်သူ(၉၉၉၉၉)ဦး ထီကံစမ်းသပ်သည်ဟု ယူဆပါသည်။
ထီပေါက်သူ(၄၀၂၄၃)ဦးရှိသည်ဟုယူဆသဖြင့် ထီမပေါက်သူ(၅၉၇၅၆)ဦး ရှိသည်ဟု
ယူဆပါသည်။
·         မိမိဇာတာ သူများထက် ကံသာချိန်တွင် ထီပေါက်ပါလိမ့်မည် ဆိုသဖြင့် ထီမပေါက်သူ
(၅၉၇၅၆)ဦးထက်ကံသာသဖြင့် ထီပေါက်ခြင်း ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။
·         လေ့လာလိုသူမျာအတွက် မျှဝေလိုက်ပါသည်။
·         ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၂၅ ရက်.

No comments:

Post a Comment